Wednesday, June 19, 2013
Tuesday, June 18, 2013
facebook မှာ ကြိုက်တာတွေကို Group တွေကို Share ပေးမယ်
ကဲဗျာ ဖေ့ဘုတ်မှာ ကိုယ်သဘောကျတဲ့ သတင်း နည်းပညာ စသည်တို့ကို Group တွေကို ရှယ်ယာပေးမယ်။ မိမိ တင်ထားတဲ့ ပို့စ်တွေကိုလည်း Share ပေးမယ်ပေါ့ဗျာ.။ ဒါလေးကို မသိတဲ့သူတွေအတွက်ပေါ့ ရေးလိုက်
တာ။ ကဲစကြစို့ဗျာ ဓါတ်ပုံလေးတွေနဲ့ ပြသပေးမယ် ဒါမှ မျက်စိထဲမှာ မြင်သွားမယ် ရှင်းသွားမယ်ပေါ့ဗျာ.။
ဓါတ်ပုံ ခြောက်ပုံနဲ့ ရှင်းပြထားတယ် သေသေချာချာလေးဖြစ်အောင်လို့ပါ။ လိုက်လုပ်စမ်းကြည့်ရင် ပိုမှတ်မိ သွားမယ် ။ လုပ်ကြည့်ကြဖို့လည်း တိုက်တွန်းချင်ပါတယ်..။

Monday, June 17, 2013
Mobile Guide Issue 107 ဒေါင်းရန်
ကဲ Mobile Guide Issue 107 လေး အသစ်ထွက်လာပြန်လို့ ကောက်တင်လိုက်တယ်ကွယ်.။ တစ်ကယ်ပါ နည်း
ပညာ လေ့လာပြီဆိုရင်တော့ Update ဖြစ်တဲ့ ဂျာနယ်လေးတွေကိုတော့ လက်မလွတ်သင့်ဘူးနော်.။ ကဲကဲဖတ်ကြမယ်ဗျာ.။
12MB ဆိုတော့ ဖိုင်ဆိုက်က မကြီးပါဘူးနော်.။
လိုင်းမကောင်းရင်တော့ ကြီးတာပေါ့။
လိုင်းကောင်းရင် ခဏဆို အဆင်ပြေတယ်.။
ဒါလေးတွေဘဲ အားကိုးနေရတာဗျာ.
တစ်ကယ်ကို ကျေးဇူးတင်စရာတွေပါ.။
Who Unfriended Me On Facebook
မင်္ဂလာပါခင်ဗျာ ကျွန်တော် ခုဖော်ပြပေးမဲ့ဆော့ဝဲလ်လေးကတော့ facebook ပေါ်မှာ
မိမိကို ဘယ်သူငယ်ချင်းတွေက unfriend လုပ်ထားတယ်ဆိုတာကို သိခွင့်ရမဲ့
ဆော့ဝဲလ်လေးဖြစ်ပါတယ် ။အသုံးပြုလိုတဲ့
သူငယ်ချင်းများအောက်ကလင့်လေးကဒေါင်းယူနိုင်ပါတယ်။
>> Download <<
>> Download <<
သူငယ်ချင်းအားလုံး သိချင်တာလေးတွေသိခွင့်ရှိပါစေ...ကိုဖြည့်ဖြိုး (ပြည်)
Sunday, June 16, 2013
ကွန်ပျူတာက မသိတဲ့ဖိုင်တစ်မျိုးဖြစ်အောင် ပြုလုပ်ပြီး မိမိရဲ့ဒေတာတွေကို လျှို့ဝှက်မယ် မျှဝေမယ်
ဒီနေ့တော့ .mp3 .mp4 .avi .jpg .pdf .flv .rar .zip .exe စသဖြင့် ဖိုင်လေးတွေ အကြောင်း နဲနဲပါးပါးလေး ရေးပေးမယ်.။ ကျုပ်အခုပြောမယ့် နည်းပညာလေးက ကိုမောင်ပေါက်တော့ လက်တွေ့ အသုံးချနေပါ တယ်.။ ဟာဘာနည်းပညာလဲဗျာ သိချင်တယ်.သြော် သိရမှာပေါ့ဗျာ. ကျုပ်တို့ကွန်ပျူတာသမားအတော် များများဟာ ခုနပြောခဲ့တဲ့ file format အကြောင်းတွေ သိပြီးသားလို့ ယူဆမယ်နော် မသိသေးရင်လည်း ကျုပ်တို့ သိမ်းဆည်းထားတဲ့ ဖိုင်လေးတွေ mp3 mp4 dat flv jpg pdf rar zip exe စသဖြင့် များစွာကြိုက်နှစ် သက်တာတွေ သိုမှီးသိမ်းဆည်းထားကြပါတယ်.ဖိုင်နာမည်တွေကိုလည်း မြန်မာလိုရော အင်္ဂလိပ်လိုရော အမျိုးမျိုးပေးထားကြပါတယ်.။ အဲဒီမှာ တစ်ခုသတိထားရမှာက Icon လေးတွေမြင်လို့ သိတာထက် နဲနဲသာ တဲ့ပညာလေးပေါ့ဗျာ။ ဟာဒီဖိုင်က ဘာဖိုင်ဆိုတာကို Microsoft ကုမ္မဏီက အဲဒါလေးကိုအရှင်လုပ်ထားတယ်
မူရင်းကတော့ ၀ှက်ထားတယ်ပေါ့ဗျာ.။ အဲဒါလေးကို ပြန်ပြင်လိုက်ရင်တော့ သြော်ဒါ mp3 ဖိုင် mp4 jpg စသဖြင့် သိနိုင်ပါပြီ.။ အဲဒီနည်းဟာ မသိသေးတဲ့ ကလေးငယ်တွေကို ကိုယ်မကြည့်စေချင်တဲ့ဖိုင်တွေ ဥပမာ mp4 တို့ pdf စသဖြင့်ပေါ့ဗျာ.။ အဲဒါလေးကို ဒီနည်းလေးနဲ့ လုပ်ထားမယ်ဆိုရင် ဘယ်လောက်ပင်ဖွင့်ဖွင့် ပွင့်မှာမဟုတ်ပါဘူး မူရင်း mp4 pdf ဖိုင်အတိုင်းပွင့်မှာ မဟုတ်ပါဘူး.။ ဘာကြောင့်လည်းဆိုတော့ ကွန်ပျူတာက ဒါဘာဖိုင်ဆိုတာ မခွဲခြားတတ်တော့ လို့ပါ.။ အမျိုးအမည်မသိတဲ့ဖိုင်လေးပေါ့.။ ဒါကလည်း ခက်လို့တော့မဟုတ်ပါဘူး တစ်ခုလေးပြောင်းပေးရုံနဲ့ နာမည်လေးရဲ့နောက်က .mp3 .mp4 .avi .jpg .pdf .flv .rar .zip .exe စသဖြင့်ဖိုင်နာမည်လေးတွေကို ဖျက်ပေးရုံလေးပါ.။ ဒီနည်းပညာလေးက ကျုပ် 2010 ခုနှစ်က

Google Chrome Browser 28.0.1500.44 Beta
အင်တာနက်သုံးသူတိုင်း သိပီးသား ဆော့ဝဲလေးပါ..။ အသစ်လေးထွက်နေတာ မြင်တာနဲ့ ကိုယ့်တင်တဲ့အထဲ
မှာလည်း မပါသေးတာနဲ့ ကောက်တင်လိုက်တာ အသစ်ကြိုက်သူများ ဒေါင်းသုံးပေါ့ဗျာ.။
မှာလည်း မပါသေးတာနဲ့ ကောက်တင်လိုက်တာ အသစ်ကြိုက်သူများ ဒေါင်းသုံးပေါ့ဗျာ.။
filecrop.com ဖြင့် Rapidshare/ Hotfile/ Mediafire/ Depositfiles/ Mega/ 4shared/ ၆ဆိုက်မှာ တင်ထားသမျှဖိုင်တွေဒေါင်းမယ်
ကဲဗျာ အင်တာနက်မှာ ရှာရဒေါင်းရတာ လွယ်ကူတဲ့ဆိုက်လေးတွေ့ထားတာ နဲနဲကြာပါပြီ..။ ဆိုက် ၆ ခုမှာ ကမ္ဘာအရပ်ရပ်က လူတွေတင်ထားသမျှ ဖိုင်တွေကို ရှာဖွေဒေါင်းလော့ချနိုင်ပါပြီ။ ဒီ filecrop.com မှာ ကိုယ်က
Mediafire မှာဘဲ ဒေါင်းတတ်တယ်ဆိုရင် Mediafire တစ်ခုတည်းကို အမှန်ခြစ်လေးပေးပြီး ရှာခိုင်းလိုက်ပါ.။ စာအုပ်တွေ ဆော့ဝဲတွေပေါ့ဗျာ..ကိုယ်လိုချင်တာ အကုန်နီးပါးလောက်ရနိုင်ပါတယ်.။ဘာဖြစ်လို့လဲဆိုတော့
ဒီဆိုက် ၆ ခုမှာ လူတွေအများကြီးက သူတို့ သဘောကျတဲ့ဆော့ဝဲတွေ သီချင်းတွေ စာအုပ်တွေ အများကြီး
တင်ထားကြတာလေ ။ ကျုပ်ဟိုအရင်က Mediafire မှာတင်တုန်းက ကျုပ်ဆိုက်နဲ့ ပါတ်သက်နေတဲ့ဆိုက်တွေ
လိုက်ရှာတော့ ဒီဆိုက်လေးတွေ့တာဘဲဗျာ.ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်တာပါ.။ ရှာဖွေတယ်ဆိုမှတော့ ဂူးဂဲ
မှာ ရှာသလိုဘဲနော် အင်တာနက်သုံးနေသူတွေဆိုတော့ ဒီလောက်တော့ ပြောစရာမလိုတော့ပါဘူး.။ ဒေါင်း
လော့ချတာကလည်း ဆိုက်တွေအတော်များများမှာ ရေးထားပြီးသား ဒီအခုပြောတဲ့ဆိုက်မှာက လင့်လေးကို
ပေးထားပါတယ်.အဲဒီလင့်ကို ကူးထည့်ပြီးဒေါင်းမှ ရပါမယ် တစ်ချို့ဖိုင်တွေကတော့ သူလည်း မူရင်းဆိုက်လေး
ကို ညွန်ပြထားပါတယ်.။ ကိုယ်ရွေးချယ်ခဲ့တဲ့ လင့်အပေါ်မှာ မူတည်ပါတယ်..။ ကျုပ်သိပ်မရှင်းပြတော့ဘူး ဓါတ်
ပုံလေးတွေ ထည့်ပေးထားတယ် အားလုံးသဘောပေါက်နိုင်ပါတယ်..။ သွားရန်လင့်ကတော့
Notepad လို့ခေါ်တဲ့ Text Document မှာ မြန်မာလို အမြဲမြင်နိုင်အောင် ရေးနည်း
ကဲဒီနည်းလေးလည်း လွယ်မရောင်နဲ့ ခက်ပါတယ် သိသူများအတွက်တော့ လွယ်တာပေါ့ဗျာ.။ မသိဘူးဆိုရင်
သူများကို လိုက်မေးရတာ နဲနဲအောက်ကျသလိုဖြစ်တယ်ဗျ။ အဲဒီတော့ ကျုပ်ရေးလို့ သိသွားတယ်ဆိုရင်ဖြင့်
ဘယ်သူပြောလို့ ဆိုတာ မသိတော့ဘူးလေ။ အင်တာနက်မှာ ဖတ်တာဆိုတော့ ဘယ်သိပါ့မလဲနော်.။ စကား
လုံးလေးတွေက ရေးရတာသိပ်အံမကျဘူးဗျာ.။ ကဲဒါတွေထားပါ.။ အဓိကကတော့ သူ့မှာရေးနည်းက အားလုံး
သိတယ်.။ သို့သော် Save တဲ့အခါမှာ နဲနဲလေးပြောင်းပေးရတာလေးပါဘဲ..။ ကဲစမယ်.Desktop>>Right Click
>> New>>Text Document>> နှိပ်ပြီး Notepad တည်ဆောက်မယ်.။ ပြီးရင်ဖွင့်မယ်ဗျာ.ပြီးရင် format>>ထဲက
font မှာ Zawgyi One ရွေးပေးပါ။ နောက်ပြီး Ctrl+Shift နှိပ်ပြီး မြန်မာဘာသာကိုပြောင်းပါ Notepad ထဲမှာ ရေး
ချင်တဲ့စာရေးပါ..။ သို့မဟုတ် အင်တာနက်ပေါ်မှ မိမိကြိုက်နှစ်သက်ရာ ကဗျာများ စာများကူးထည့်ပါ..။ ဒါက
တော့ လူတိုင်းတတ်တယ်.။ သို့သော် ခုနပြောခဲ့သလို Save As..ကိုနှိပ်ပါ Save as Type နေရာမှာ All file
ပြောင်းပါ.။ Encoding နောက်မှာ Unicode ဆိုတာလေးပြောင်းပေးပါ..။ အဲဒါဆို မြန်မာစာကို ဘယ်အချိန်ဖွင့်
ဖွင့် အဆင်ပြေပါပြီ.။ Windows အသစ်တင်ပြီးရင်တော့ ခုနပြောခဲ့တဲ့ format>>font>>Zawgyi One ကိုရွေး
ပေးရုံပါဘဲ..။ ဒါလေးတွေက သင်တန်းမှာ မပါဘူးဗျာ.။ ဘာမှတာမဟုတ်တယ်.ကိုယ်တောင် လွန်ခဲ့တဲ့တစ်နှစ်
လောက်မှ သူငယ်ချင်းကပြလို့ သိတာလေးပါ.။ မရှင်းရင် အောက်မှာ ပုံလေးတွေ ထည့်ပေးထားတယ်..။

Saturday, June 15, 2013
Htoo Group of Companies ဥက္ကဌ ဦးတေဇမှ နိုင်ငံတော်သို့ ၁၉၀၇ ကာရက်ရှိ ပတ္တမြား အရိုင်းတုံးကြီး ပေးအပ်လှူဒါန်း
မြန်မာ့စီးပွားရေးလုပ်ငန်းရှင်
Htoo Group of Companies ဥက္ကဌ ဦးတေဇ အကြိမ်(၅၀)မြောက် ရွှေရတုမြန် မာ့
ကျောက်မျက်ပြပွဲ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံကျောက်မျက်ရတနာ
လုပ်ငန်းရှင်များအသင်း အသင်းဝင် အားလုံးကို ဂုဏ်ပြုသော အားဖြင့်
အလွန်အရည်အသွေး ကောင်းမွန်သည့် ၁၉၀၇ ကာရက်ရှိ ပတ္တမြားအရိုင်းတုံးကြီး အား
နေပြည်တော် ကျောက်မျက်ရတနာပြခန်းတွင် ယနေ့ ပြုလုပ်သည့် မြန်မာနိုင်ငံ
ကျောက်မျက်ရတနာပြပွဲ နှစ် (၅၀)ပြည့် ရွှေရတု အထိမ်းအမှတ် အခမ်းအနား ၌
နိုင်ငံတော်သို့ လှူဒါန်းခဲ့ ကြာင်း သိရသည်။ ဦးတေဇမှ
ကမ္ဘာပေါ်တွင် မြန်မာ့ကျောက်မျက်ရတနာများသည် အထူးနာမည်ကျော်ကြား သည့်အလျောက်
နိုင်ငံတော်အတွင်း အစဉ်ထာဝရထိန်းသိမ်းစုဆောင်းထားရှိရန် လိုအပ်ကြောင်း မြန်မာ နိုင်ငံ မှ ထွက်ရှိသော ယခုလို ရှားပါးသည့် ကာရက်ထောင်ချီ၍ကြီးမားသည့်အရည် သွေးကောင်း ကျောက် မျက်ရတနာများးအား နောင်လာနောက်သားများနှင့်မျိုးဆက်သစ်လူငယ်များ
လေ့လာကြည့်ရှုနိုင်ရေး နိုင်ငံတော်ပိုင်ပြရုပ်အဖြစ် အစဉ်အဆက်ထိန်းသိမ်းထားရှိနိုင်ရေးနှင့်
မြန်မာနိုင်ငံ ကျောက်မျက်ရတနာပြပွဲ နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ်အဖြစ်
၎င်းကိုယ်ပိုင် ၁၉၀၇ ကာရက်ရှိ ပတ္တမြားအရိုင်းတုံးကြီးအား နိုင်ငံတော်သို့
ပေးအပ်လှူဒါန်းရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
Multi Virus Cleaner 2013 For Pc 15MB
ကိုယ်စက်ထဲမှာ antivirus ဆောင်ထားပါလျှက်နဲ့ ဗိုင်းရပ်ဒုက္ခပေးနေသေးရင် Multi Virus Cleaner ကိုသာ အသုံးပြုလိုက်ပါ စက်ထဲက ဗိုင်းရပ်တွေ ကတ်ထဲမှာရှိတဲ့ ဗိုင်းရပ်တွေခွေးပြေးဝက်ပြေး ပြေးရမှာမှာပါ ဖိုင်ဆိုဒ်ကလည်း သေးသေးလေးဆိုတော့ ကွန်နက်ရှင်းမကောင်းတဲ့ သူငယ်ချင်းတွေအတွက် အသုံးဝင်မှာ ပါ ပြီးတော့ ၀င်းဒိုး 8 မှာလည်း အသုံးပြုနိုင်ပါတယ် အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ် ။
အမျိုးကောင်းသားမှ ကူးယူဖော်ပြထား.။
Download>>>Multi Virus Cleaner 2013
Apple ကထပ်မံထုတ်လုပ်မယ့် iWatch 2 Concept
စမတ်ဖုန်းအလွန်
စမတ်နာရီတွေ ကို နည်းပညာကုမ္ပဏီတိုင်း အပြိုင်အဆိုင် ထုတ်လုပ်လာတဲ့အတွက်
Apple ကလည်း သူ့ရဲ့ သုံးစွဲသူ ပရိတ်သတ်တွေအတွက် နောက်မကျအောင် iWatch 2
Concept ကိုဈေးကွက် အတွင်းဖြန့်ချိဖို့ မိတ်ဆက်ပြသလိုက်ပါပြီ၊ အသစ်ထွက်ရှိလာမယ့် iWatch 2 ကို Polycarbonate body နဲ့တည်ဆောက်ထားပြီး
memory 32GB နဲ့ ရွေးချယ်သူတွေအဆင်ပြေစေရန် အရောင် ငါးမျိုးနဲ့
ဖြန့်ချိမယ် လို့သိရပါတယ်၊ အခြား စမတ်နာရီတွေလို ဖုန်းတွေနဲ့ချိတ်ဆက်အသုံးပြုရအောင် iWatch 2 ကလည်း Bluethooth,Wifi စနစ်နဲ့ iPhone,iPad တို့ကိုချိတ်ဆက်ပြီး ထိန်းချုပ်စေခိုင်းလို့ ရမှာဖြစ်ပါတယ်၊ ရောင်းချပေး မယ့်ဈေးနှုန်းကိုတော့ ဖော်ပြထားခြင်းမရှိသေးတဲ့ အတွက်ရောက်ရှိလာမှသာလျှင် သိရှိရမှာဖြစ်ပါတယ်
(Khun Nay) Guide Magazine
Friday, June 14, 2013
ဗုဒ္ဓဘာသာဝင် အမျိုးသမီးကို ဘာသာတူကသာ လက်ထပ်ခွင့် ဥပဒေ ပြဌာန်းရန် ဦးဝီရသူ ကြိုးပမ်း
ဗုဒ္ဓဘာသာဝင်
အမျိုးသမီးများကို ဘာသာတူ အမျိုးသားကသာ လက်ထပ်ခွင့်ရှိစေရေးအတွက် ဥပဒေ အရ
ပြဌာန်းရန် သံဃာတော်များက ကြိုးပမ်းမည်ဟု မန္တလေး မစိုးရိမ်တိုက်ဆရာတော်
ဦးဝီရသူက မိန့်ကြား လိုက်သည်။ ထိုဥပဒေကို ''မြန်မာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ
လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ် ဥပဒေ'' ဟု အမည်ပေးထားပြီး လက်ရှိတွင်
သံဃာတော်တို့က ပုဒ်မ ကိုးခုပါသော မူကြမ်း ကိုရေးဆွဲထုတ်ပြန် ထားပြီး လွှတ်တော်က ပြဌာန်းရေးအတွက် ကြိုးပမ်းမည်ဟု ဆိုသည်။ ဇွန်၁၂ရက်နံနက်က မှော်ဘီဆေကိန္ဒာ ရာမကျောင်းတိုက်တွင် ကျင်းပခဲ့သည့်
ဗုဒ္ဓသာသနာတော် ဆိုင်ရာ သြဝါဒခံ ယူပွဲနှင့် အကြိုညှိနှိုင်းဆွေးနွေးပွဲ ၌
ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ဆရာတော် ဦးဝီ ရသူက အထက်ပါ အတိုင်း မိန့်ကြား လိုက်ခြင်း ဖြစ်သည်။
MacBook Air အသစ်ထွက်ပြီ TSJ team
Apple user များအတွက် သတင်းကောင်းပါ။ ဒီရက်ပိုင်းလေးတင် ထွက်ရှိတဲ့ Macbook အသစ်ပါ။ ခပ်ပါးပါး အသုံးပြုချင်သူများအတွက် အကြိုက်တွေ့မယ် ထင်ပါတယ်။ အားလုံး 1.3 GHz dual-core Intel Core i5 တွေ ချည်းသုံးထားပါ။ ဒီတော့ Core i7 တွေလောက် ကောင်းမှာ မဟုတ်ပါဘူး။ သူက ပေါ့ပေါ့ပါးပါး စတိုင်ကျဖို့ ထုတ်ထားတာပါ။ ဒီတော့ Business Man သမားတွေ အတွက် ပိုသင့်တော်ပါမယ်။ heavy duty အတွက်ဆိုရင် Macbook Pro ပဲ ကောင်း ပါတယ်။ စုစုပေါင်း လေးမျိုးထုတ်ပါတယ်။ ၁၁ လက်မ ဗားရှင်း အတွက် ၂ မျိုး၊ ၁၃ လက်မ ဗားရှင်း အတွက် ၂ မျိုး၊ စုစုပေါင်း လေးမျိုးထုတ်ပါတယ်။ ဈေးနှုန်း ကတော့ ၁၃၈၈စင်္ကာပူ ဒေါ်လာ ကနေ ၁၇၈၈ ဒေါ်လာပေါ့။ ပြည်ပက မိတ်ဆွေရှိလို့ အော်ဒါမှာမယ် ဆိုရင်တော့ မူရင်းဈေးအတိုင်းရမှာပါ။ မန်မာပြည်မှာ ၁၂ သိန်း နဲ့ ၁၇ သိန်းကြား ပေါက်ဈေးရှိပါလိမ့်မယ်။ ဒေါ်လာ ဈေး အတက်အကျလိုက် ပြောင်း လဲနိုင်ပါတယ်။ စတိုင်ကျတဲ့ အသစ်ထွက် The New Macbook Air များရဲ့ ဈေးနှုန်းနဲ့ Spec များကတော အောက်ပါအတိုင်း ဖြစ်ပါတယ်။
Google က သန်းတထောင်သုံးပြီး ၀ယ်ယူလိုက်တဲ့ Waze
Waze ဆိုတဲ့ မြေပုံအချက်ပြစနစ် (application) က မြန်မာပြည်ကလူတွေနဲ့ အနည်းငယ်တော့ စိမ်းနေမှာပါ ။ မိုဘိုင်း
မြေပုံပြစနစ်မှာ တမူထူးခြားစွာ အလုပ်လုပ်နိုင်တဲ့ Waze ဟာ crowd-sourced
navigation လို့ ခေါ်တဲ့ app အမျိုးအစားတခု ဖြစ်ပါတယ်။ အစ္စရေးလ် ကုမ္မဏီ တခုဖြစ်တဲ့ Waze ကို Google က ၀ယ်ယူဖို့ ကြိုးစားနေတယ်ဆိုတဲ့သတင်းဟာ လူတွေကြားမှာ ပြန့်နေတာကြာပါပြီ။ ဒါပေမယ့် တကယ် ၀ယ်တဲ့အချိန်မှာတော့
၁ ဘီလီယန် ဆိုတဲ့ ဈေးနှုန်းပေးလိုက်တာကြောင့် လူတွေရဲ့ အာရုံဟာ Waze ရဲ့
အသုံးဝင်မှုအပေါ် စိတ်ဝင်တစား ပိုရှိလာကြပါတယ်။ ဘာကြောင့် Google က ဈေးကြီးပေးပြီး Waze ကို ၀ယ်ယူရတာလဲ ဆိုတာကို တိုင်းမ် မဂ္ဂဇင်းကလည်း အချက် ၃ ချက်ဖြင့် ထောက်ပြသွားပါတယ်။
တရုတ်ကို အမေရိကန်အေးဂျင့်တွေဟက် (Hack) လုပ်နေ
အမေရိကန်ထောက်လှမ်း
ရေးတပ်ဖွဲ့ဝင်များ (US Intelligence Agents)သည် လွန်ခဲ့သော
နှစ်အတန်ကြာက တည်းကပင် ကမ္ဘာ့နိုင်ငံများ၏ အရေးကြီးသော သတင်းအချက်
မြောက်မြားစွာကို ကွန်ပျူတာနက်ဝက်ဒ် (Network) များမှတဆင့် တရားမ၀င်
ရယူခြင်း၊ နှောက်ယှက်ခြင်း၊ ဖျက် ဆီးခြင်း(Hack)လုပ်ငန်းများကို
လုပ်ခဲ့ကြသည်။ လုပ်နေကြသည် ဟု အမေရိကန်ပြည်ထောင်စု
နိုင်ငံတော်လုံခြုံရေးကောင်စီ (National Security Agency) က ဇွန်လ ၁၂ ရက်က
ဆောက်သ် ချိုင်းနားမောနင်းပို့စ်သတင်းဌာန
သို့ပြောသည်။ စနိုးဒင်က တရုတ် နိုင်ငံသည် ထောင်သောင်းမက သော ကွန်ပျူတာများကို အသုံးပြုပြီးအမေရိကန်ပြည် ထောင် စု ၏ဆိုင်ရာသတင်းအချက်အလက်
အမြောက်အမြားကို ဟက်က် လုပ်နေသည် ဟုဆိုသော်ငြား လည်း အမေရိကန်သည်
တရုတ်နိုင်ငံ၏ စစ်ရေးသတင်းများကိုသာမက ဟောင်ကောင်ရှိ တရုတ်နိုင်ငံ၏
တက္ကသိုလ်များ၊ တရုတ်ပြည်မ ကြီး၏ သတင်းအချက်အလက် များစွာကို တရားမ၀င်၊
ရယူနှောင်ယှက်လျက် ရှိသည်ဟု ထုတ်ဖော် ပြောကြားလျက်ရှိသည်။
Subscribe to:
Posts (Atom)

.jpg)